Tuesday, September 3, 2013

လာဘ်ကြီးဝင်မယ့်-ငွေကြေးစည်


6:09 AM  sayaheintintzaw sayaheintintzaw  
ငွေကြေးစည်ဆိုတာက ငွေတွေကြေးတွေ စည်တဲ့သဘောပေါ့ဗျာ။ ပြီးတော့ ကြေးစည်ဆိုတာကြတော့ လည်ပတ်တဲ့ သဘောပေါ့။ ငွေဆိုတာကလည်း သေတ္တာထဲမှာ အိပ်နေရင် ဘာမှ အဓိပ္ပါယ်မရှိပေဘူး။ ၀င်တဲ့ ငွေက ၀င်နေဖို့လိုသလို သုံးတဲငွေကိုလည်း ကောင်းမွန်စွာ သုံးနေနိုင်ဖို့ လိုတာပေါ့။ ဒါကြောင့် ငွေကြေးဆိုတာ ကောင်းမွန်စွာ လည်ပတ်နေဖို့ လိုတာပေါ့။

အဲဒီတော့ မိတ်ဆွေတို့အတွက် ငွေကြေးတွေ လည်ပတ်အောင် စည်ပင်အောင် ငွေကြေးစည်လေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ဈေးဆိုင်ရှိတဲ့ မိတ်ဆွေတွေက ဈေးဆိုင်ပေါ့၊ ကုမ္ပဏီရှိတဲ့ မိတ်ဆွေတွေက ကုမ္ပဏီ၊ ဘာမှ မရှိတဲ့ လူတွေကတော့ အိမ်ဘုရားခန်းပေါ့။ အဲဒီ ငွေကြေးစည်လေးကို ပလပ်စတစ်လောင်းပြီး မိမိ၏ မွေးနေ့ နံက် (၉း၄၅)မှာ အမွှေးနံ့သာ ပက်ဖြန်းပြီး ဆုတောင်း ချိပ်ဆွဲပေတော့ဗျို့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
+66 87 415 0022

Description: https://sites.google.com/site/sayaheintintzaw1/24-1-2011.jpg

လာဘ်လာဘရွှင်လန်းပြီးရန်အနှောက်အယှက်များများကင်းဝေးစေမည့်ကြီးလေးကြီးစမတော်


2:03 PM  sayaheintintzaw sayaheintintzaw  
Description: https://sites.google.com/site/sayaheintintzaw1/25-1-2011.jpg

လေးစားချစ်ခင်ရပါသော ကျွန်ုပ်၏ စာဖတ်ပုရိသတ်များနှင့်ဗေဒင်မိတ်ဆွေများအတွက်....

မြန်မာဗျည်းအက္ခရာများအနက်တွင် ကကြီး၊ဃကြီး၊ ဏကြီး၊ဠကြီးဟူသော စာလုံးများသည် “ကြီး” ထည့်၍ဆိုရ သော ထူးခြားအက္ခရာ လေးလုံးဖြစ်ပါသည်။ ထိုအက္ခရာများကို “ကြီးလေးကြီး”ဟု ခေါ်တွင်ကာ မြန်မာလောကီ ဆရာတို့သည် တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိကြပါသည်။ အပြိုင်အဆိုင်ကိစ္စများ၌ အောင်မြင်ရန်၊ ကြီးပွားတိုးတက်စေရန်၊ သူတစ်ပါးတို့ထက် သာလွန်စေရန်၊ ငွေကြေးလာဘ်လာဘ ပွင့်လန်းစေရန်၊ မကောင်းသော အတိုက်အခံတို့ကို ကာကွယ်တားစီးစေရန် စသည်စသည်တို့အတွက် အမျိုးမျိုး အသုံးပြုလေ့ရှိကြပါသည်။

ကျွန်ုပ်တို့၏ အဘဆရာကြီး မင်းသိင်္ခသည် အများပုရိသတ်အတွက် ထိုကြီးလေးကြီးစမများကို လက်ကိုင်ထား၍ စီရင်ဆောင်ရွက်ပေးလေ့ရှိသကဲ့သို့ အဘရောက်လေရာ နေရာတိုင်းတွင်လည်း ပြူတင်းတံခါးများ နံရံများတွင် ထိုကြီးလေးကြီးစမကို အကျအန စီရင်ရေးဆွဲထားလေ့ရှိ၏။ ၁၉၉၆-ခုနှစ်များဆိက အဘမင်းသိင်္ခကိုယ်တိုင် လက်ဖြင့်ရေးဆွဲ စီရင်ပေးခဲ့သော လာဘ်လာဘပွင့်လန်းပြီး ရန်အနှောက်အယှက်များ ကင်းဝေးစေမည့် ကြီးလေးကြီးစမကို ကျွန်ုပ်၏ ချစ်ခင်လေးစားရသော စာဖတ်ပရိသတ်အပေါင်းနှင့် ဗေဒင်မိတ်ဆွေများအားလုံး အတွက် လက်ဆောင်ပေးအပ်လိုက်ပါသတည်း။

အိမ်၊ ဆိုင် ၊ အလုပ်ခန်း၊ ရုံးခန်း၊ အစရှိသော မိမိတို့ ပိုင်ဆိုင်သော နေရာများ၌ မှန်ဘောင်အကျအနသွင်းကာ ချိပ်ဆွဲပြီး မကြာခဏ အမွှေးနံ့သာ ပက်ဖြန်းပေးခြင်း ၊ ပုံအသေးကို ပလတ်စတစ်ကတ်လောင်းပြီး အိပ်ထဲတွင် ဆောင်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း......

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ရန်နှင့်အတိုက်အခံများ ပျောက်လွင့်စေသော အဆောင်


5:48 AM  sayaheintintzaw sayaheintintzaw  
Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JW_rBHBS_0NA6F8b96nc8TM4WVEc4yfVL5N4y7YYx1hZrfSmswTBGOLGW1RdUcLWEjuUpyGD7QV0xpNWxBnPdjsDKpzczpuyrNUTyz_etLcOZlQ8wf6nkKBxrt1aUcLKSuZocbAekiwz/s200/vfgoioh.jpgငါ ဗေဒင်လက္ခဏာ ဟောစားတုန်းက သုံးတဲ့ နည်းကလေးတော့ ရှိတယ်ကွ။ အဲဒါက အိန္ဒြိယက 'အာနန္ဒာ လဟီးရီး' (ANANDA LAHARI) ဆိုတဲ့ ဆရာကြီး တစ်ဦးရေးတဲ့ ယန္တြ စာအုပ် စာမျက်နှာ နံပါတ် ၃၇မှာ ဖော်ပြထားတဲ့ ယန္တြလေး အကြောင်းပဲ။ ဘာပုံကလေးမှန်း မသိပါဘူးကွာ။ ကောက်ကောက်ကွေ့ကွေ့ ကလေးပါပဲ။

အဲဒီ ယန္တြလေး အပေါ်မှာ ပူဇော်ရမည့် ပစ္စည်းတွေလည်း ဖော်ပြထားတယ်။ ငါက တစ်ခုမှ မလုပ်ဘူး။ ငါ့မှာ ရန်ရှိလာတဲ့ အခါမှာ အဲဒီ ယန္တြလေးကို စားပွဲပေါ် တင်လိုက်တယ်ကွာ။ အဲဒီပေါ်မှာ ပန်းကန်ပြားလေး တစ်ချပ် တင်လိုက်တယ်ကွာ။ ပြီးတော့ အဲဒီ အပေါ်က မီးထွန်းလိုက်တယ်ကွာ။

အဲဒီအခါမှာ ထူးထူးခြားခြား ရန်တွေ ပျောက်သွားတယ်။ အတိုက်အခံတွေလည်း ပျောက်သွားတယ်ကွ။ အဲဒါနဲ့ ငါလည်း ငါ့မိတ်ဆွေတွေကို ပေးတယ်။ အဲဒီတုန်းက ဖိုတိုစတက် မပေါ်သေးဘူးကွ။ ဓါတ်ပုံ ရိုက်ရိုက်ပြီး ပေးရတယ်။ ဓါတ်ပုံဖိုးတော့ မနည်းဘူး ကုန်ခဲ့ဘူး တာပေါ့ကွာ။

ဒါပေမဲ့ ငါ့မိတ်ဆွေတွေက အားကြီး သဘောကျတယ်။ ငါကတော့ ပိုက်ဆ့တွေ ကုန်လှပေါ့ကွာ။ ပြီးတော့ ငါဟာ ဗေဒင် လက္ခဏာဟောတဲ့ အခါမှာလည်း ရန်များတဲ့လူ ၊ အတိုက်အခံများတဲ့လူကို အဲဒီ ယန္တြလေး သုံးဖို့ ပေးခဲ့ဘူးတယ်။ အခုလည်းပဲ ငါ့ဆီကို လာတဲ့ လူတွေကို ဖိုတိုစတက် ကူးပြီး အဲဒါလေးတွေကို ပေးနေတာပဲ။ အိပ်ထဲမှာ ဆောင်ထား၇င်လည်း ကောင်းတယ်။ ငါက အဲဒီ ယန္တြလေးကို အလွတ်ဆွဲ တတ်နေပြီ။

မဟာဘုတ်ဗေဒင်ပညာ တွက်နည်း


မဟာဘုတ်ဗေဒင်ပညာ တွက်နည်း
04:44  sayaheintintzaw sayaheintintzaw  1 comment
ကျွန်တော် အရင်တုန်းက မဟာဘုတ်ဗေဒင်ပညာအကြောင်း ပို့လေးတွေ တင်ပေးထားခဲ့ဘူးပါတယ်။ ဗေဒင်အချုတ် မဟာဘုတ် တွက်နည်း ကိုလည်း တင်ပေးထားတယ်။ နိုင်ငံတကာက ဘယ်နည်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း မြန်မာနိုင်ငံက နာမည်ကျော် ဗေဒင်ပညာရှင် ဆရာကြီးတွေ တော်တော်များများဟာ ဒီမဟာဘုတ်ဆိုတဲ့ ဗေဒင်ပညာရပ်လေးကို ဘယ်ဆရာကြီးတွေကမှ လက်မလွှတ်ခဲ့ ကြပါဘူး။ အဲဒါဟာ ဒီမဟာဘုတ် ဗေဒင်ပညာရဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ ဆိုလိုတာကတော့ ကောင်းလို့ လက်မလွတ်ကြတာပေါ့။ မကောင်းရင် ပျောက်ကွယ်သွားတာ ကြာပြီထင်ပါတယ်။

ကျွန်တော်တို့တွေက ဘာတွေကောင်းတယ်။ ဘယ်လောက်ကောင်းတယ်။ ဘာတွေ အသုံးပြုလို့ ရတယ်။ ဘယ်လောက်ထိ တွင်ကြယ်တယ်ဆိုတာတွေကို နက်နက်နဲနဲ သိအောင် လေ့လာဆည်းပူးဖို့ပဲ လိုပါတယ်။ ဟင်းကောင်းတစ်ခွက်ကို မြည်းကြည့်ရုံနဲ့တောင် ကောင်းမှန်းသိရင် တော်တော်များများလေး စားသုံးကြည့်လိုက် ရင် ဘယ်လောက် ကောင်းမှန်း အရသာရှိမှန်း သိလိုက်မလဲ။ အဲဒီလိုပါပဲ။

ကျွန်တော်တို့ နောက်ပေါက်ဗေဒင်ဆရာတွေကို မဟာဘုတ်ဗေဒင်ပညာကို မီးမောင်းထိုးပြခဲ့တဲ့ ဆရာကြီးတွေ ရှိတဲ့ကြားထဲက ဆရာသခင်အဘမင်းသိင်္ခ မဟာဘုတ်ဦးကြာမြင့်တို့ ဆရာဦးမောင်မောင်ကြည်တို့ ဆရာကြီးဒဂုန်တို့တွေက ကျွန်တော်တို့ကို နည်းပေးလမ်းပြပေးခဲ့ကြတယ်။ ကျွန်တော်တို့က ဆက်လက် လေ့လာဖို့ သင်ယူဖို့ပဲ ရှိပါတယ်။ မဟာဘုတ်ဗေဒင်ပညာနှင့် ပါတ်သက်ပြီး ဆရာကြီးဒေါက်တာဒဂုန် ရေးသားတဲ့ မြန်မာရိုးရာမဟာဘုတ်ဗေဒင်ပညာ စာအုပ်တွေကို လေ့လာကြည့်လိုက်တဲ့ အခါကြမှ မဟာဘုတ်ဗေဒင်ပညာရဲ့ ကျယ်ဝန်းပုံ နက်ရှိုင်းပုံတွေကို အံ့မခန်းတွေ့ရတာပါပဲ။
အခု ကျွန်တော်ရေးမှာက မဟာဘုတ်ဗေဒင်ပညာမှာလာတဲ့ ကျောက်မျက်ရတနာ အဆောင်အကြောင်းပါ။ လူသားတိုင်း လူသားတိုင်းဟာ ကျောက်မျက်ရတနာကို အဆောင်အဖြစ် ဆောင်လိုကြပါတယ်။ အဲဒီတော့ မဟာဘုတ်ဗေဒင်ပညာနဲ့ တွက်ချက်ပြီး အဆောင်ပေးတဲ့ နည်းပါ။ လူတိုင်းလဲ တွက်လို့ရတဲ့ နည်းပါ။ လွယ်ပါတယ်။ အရင်ဆုံးမိတ်ဆွေက မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နှင့် စားကြည့်လိုက်ပါ။ ဘယ်လောက်ကြွင်း လဲဆိုပြီး အောက်မှာ ကြည့်လိုက်ပါ။ မဟာဘုတ် (၁)ကြွင်းကနေ (၇) ကြွင်းအထိ ရေးပြထားပါတယ်။ အောက်မှာ ကြည်ကြည့်လိုက်ပါ။
Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRPzTeUuaELEeroPu7LkEZk8X4Yk6Db5bjF6S-hyi831VG4aon2ROwasAgCDVDvLy3AosMx0VVBJgl5hr-nRy7wfqyhU5qGWfxyfeL0D8LdvidOZ3XbGWiYFFVs8gbUK7H0AbvVyHcqgpe/s800/ma%252520har%252520boat.jpg

ကိုယ့်မဟာဘုတ် ဘာကြွင်းလဲဆိုတာကို သိပြီဆိုရင် ကျွန်တော်တို့ ဆက်လက် လေ့လာကြည့်ရအောင်နော်။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်တွေမှာ ဘယ်ဂြိုဟ်တွေက အားကောင်းသလဲပေါ့။ အကြမ်းဖျင်း နားလည်ထားရမှာက အပေါ်က အထွန်းရယ်၊ သိုက်ရယ်၊ ရာဇရယ်၊ အဓိပတိရယ်က ကောင်းတယ်ပေါ့။ အောက်က ပုတိရယ်၊ ဘင်္ဂရယ်၊ မရဏရယ်က မကောင်းဘူးပေါ့။ ဒါက အကြမ်းဖျင်းပါ။

Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2I4Gs9kJ4b7SNVNOCeEhEtICqF6OxOsIHxgkosCHAvAW4-In6nKEOyEMgbE6nkF-UN1VZMc40fpfyUVx3M47o2HAfRjAbfQcf3zPy6uD0OXrPVy9Gx8QV1aFUgpiF5G7wcYvjLYtfOwXy/s800/maharboat.%252520%2525203.jpg

အဲဒီနောက်မှာ ထပ်သိစေချင်တာက ဂဏန်းနဲ့ ၇တနာပေါ့။ ဒါကြောင့် အောက်မှာ ၇တနာတွေနဲ့ စိုးမိုးဂြိုဟ်ကို ထပ်လေ့လာကြည့်လိုက်ပါ။ ဒါမှသာ ၇တနာတွေထဲမှာ ဘယ်ရတနာတွေ ကောင်းတယ်။ မကောင်းဘူးဆိုတာကို ကိုယ်သိရမှာပေါ့နော။

တနင်္ဂနြွေ၈ိုဟ်(၁)ဂဏန်း- ရွှေ ၊ စိန်
တနင်္လြာ၈ိုဟ်(၂)ဂဏန်း- ပုလဲ ၊ ငွေ
အင်္ဂြါ၈ိုဟ်(၃)ဂဏန်း- ပတ္တမြား၊ ကျောက်နီ
ဗုဒ္ဓဟူးဂြိုဟ်(၄)ဂဏန်း-မြ
ကြာသပတေးဂြိုဟ်(၅)ဂဏန်း-နီလာ
သောကြာဂြိုဟ်(၆)ဂဏန်း-ပုလဲဖြူ
စနေဂြိုဟ်(၀)ဂဏန်း-မဟူရာ။

ဟုတ်ပြီနော်။ ဒီလောက်ဆိုရင် ကျွန်တော်တို့တွေ ကိုယ့်ရဲ့ မဟာဘုတ်ကို တွက်ပြီး ဘယ်ဂြိုဟ်တွေက ကောင်းတယ် ။ ဘယ်ဂြိုဟ်တွေက မကောင်းဘူးဆိုတာကို သိရပြီပေါ့။ သိပြီဆိုရင် ကောင်းတဲ့ဂြိုဟ်က ၇တနာတွေက ဆောင်ပေါ့။ မကောင်းတဲ့ ဂြိုဟ်ရတနာတွေကို ရှောင်ပေါ့နော။ အခုအောက်မှာ ဆက်လက် သိရဖို့အတွက်ကတော့ ကျွန်တော်တို့တွေက ဘာအတွက် ဒီရနာအဆောင်ကို ဆောင်မှာလဲ။ အလှဆိုရင်တော့ ဘာမှ တွက်စရာမလိုဘူးနော်။ ကိုယ်မျက်လုံးထဲမှာ လှတဲ့ အဆောင်လေးတစ်ခုကို ရွေးချယ်ဆောင်လိုက်ရုံပါပဲ။ အဲဒီလိုမဟုတ်ဘူး။ ကိုယ်က ဘာအတွက်ဆောင်မှာလဲ ဆိုတာကို အရင် စဉ်းစားပြီးမှ အဆောင်ကို ရွေးချယ်ဆောင်တာပါ။ အဲဒါလေးကို ကျွန်တော်က အရမ်းကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီ မှာ ဗေဒင်မေးကြတဲ့ လူတွေက မေးကြတယ်။ ကျွန်တော် ပုလဲဆောင်တာ ဘာကောင်းလဲတဲ့။ နီလာဆောင်ထား တာ ဘာအကျိုးရှိလဲတဲ့။ အဲဒီလို မေးခွန်းတွေကို ကျွန်တော်က ဒီနည်းလေးနဲ့ တွက်ပေးလိုက်တာ။ ဒါကြောင့် ကျွန်တော်က အရမ်းကြိုက်တယ်လို့ ပြောရတာပါ။

ပုတိ ။........။
အရှုပ်အရှင်းအမျိုးမျိုးကို အမြဲတစေ ဖြေရှင်းနေရမယ်။ လုပ်သမျှအပေါ် အားမလိုအားမရ ဖြစ်မယ်။ ကိုယ့်စိတ်ကို ကိုမပိုင် ဆုပ်ကိုင်လို့ မရဖြစ်မယ်။ ကျန်းမာရေး ချို့တဲ့မယ်။ အနာရောဂါများမယ်။ တိတိကျကျ ပြောထားလုပ်ထားတဲ့ ကိစ္စတွေအားလုံး လုပ်လက်စနဲ့ ကျက်စီးကုန်မယ်။ရည်မှန်းထားတာတို့ ဖြစ်မလာတတ်ပါ။ ကပ်စေးနဲ့မယ်။ ဘယ်နေရာမှ မမြဲတတ်ပါ။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမယ်။ စိတ်အားငယ်စရာ ကိစ္စများ မကြာခဏ ကြုံတွေ့နေရမယ်။ လုပ်ရကိုင်ရတဲ့ အလုပ်တွေမှာ သတ္တိရှိမယောင်နဲ့ ကြောက်နေမယ်။ အတွက်အချက်တွေ မှားမယ်။ ရည်ရွယ်ချက် ကင်းမဲ့နေမယ်။ စိတ်သောက် ရောက်ပြီးမှ ကိစ္စတစ်ခု အောင်မြင်မယ်။

ဘင်္ဂ။......။
စိတ်နှလုံး ပူပန်ရတတ်တယ်။ ကျန်းမာရေး ချို့တဲ့မယ်။ စီးပွားဥစ္စာ တဖြည်းဖြည်း ပျက်လာတတ်တယ်။ ဥစ္စာဓန မခိုင်မြဲတတ်ပါ။ ထိတ်လန့် စိုးရိမ်နေတတ်တယ်။ ရင်ထဲမှာ မရှင်းမလင်း ဖြစ်နေမယ်။ ခပ်လွယ်လွယ် ကိစ္စလေး တွေအားလုံး ခက်ခဲနေမယ်။ ခပ်လွယ်လွယ် ကိစ္စတွေအားလုံး ခက်ခဲနေမယ်။ စိတ်ထဲ ညိုးမှိုင်းပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေမယ်။ စိတ်နှလုံးကို အစိုးမရ ဖြစ်နေမယ်။ မခိုင်မြဲတဲ့ လုပ်ငန်းတွေကို လုပ်မိမယ်။ ပြီးပြီးသား ပြဿနာတွေ ပြန်ပြီး အစပေါ်နေမယ်။ စိတ်ကို ဆောက်တည်ရာမရ ဖြစ်မယ်။ ခြိမ်းခြောက်ခံရမယ်။ ရန်ပြုခံရမယ်။ ရန်မူတတ်တယ်။


မရဏ။.......။
ဘယ်ဟာကို လုပ်လုပ် အများရဲ့ အဖျက်ခံရမယ်။ ကျန်းမာရေး ချို့တဲ့မယ်။ ချူချာနေမယ်။ ဘေးဥပ္ပါဒ် တစ်စုံတစ်ရာနဲ့ အမြဲတမ်းကြုံတွေ့မယ်။ ထိခိုက်မှု့များမယ်။ ထိခိုက်မှု့များမယ်။ မမျှော်လင့်ထားတဲ့ ထိတ်လန့် ချောက်ချားဖွယ်ရာ အန္တရာယ်တွေကို မကြာခဏ ကြုံတွေ့ရမယ်။ ကိုယ်နဲ့ ပါတ်သက်တဲ့ လူတွေအတွက် စိတ်ညစ်နေရမယ်။ ဘယ်ကိစ္စမဆို အမှားအယွင်းတွေ ရှိပြီး ကိုယ့်ရဲ့ တာဝန်မကင်း ဖြစ်နေမယ်။ ပျက်စီးလွယ်မယ်။ ဖြစ်လိုက်ရင် နလန်မထူနိုင်အောင် ဖြစ်မယ်။ အပူအပင်တစ်ခုက အမြဲတမ်း ကိုယ့်ဘ၀မှာ ၀င်တိုးနေလေ့မယ်။

အထွန်း။.......။
ရန်သူတွေအပေါ် အနိုင်ယူရမယ်။ သြဇာအာဏာရှိမယ်။ ထက်မြက်မယ်။ ထင်ပေါ်ကျော်ကြားမယ်။ ဘယ်ကိစ္စမဆို ထွန်းထွန်းကားကား ဖြစ်အောင် လုပ်နိုင်မယ်။ ဦးဆောင်မှု့ပေးနိုင်မယ်။ တက်ကြွမယ်။ လုပ်ချင်တဲ့ကိစ္စကို မအောင်မြင်မချင်း ဇွဲနဲ့ လုပ်နိုင်စွမ်းရှိတယ်။ အောင်မြင်မှု့ အနှစ်သာရကို ခံစားရမယ်။ ညာဏ်ပညာ ကြီးတယ်။ ရဲစွမ်းသတ္တိရှိတယ်။ ရတဲ့အခွင့်အရေးကို မှန်ကန်စွာ အသုံးပြုတတ်မယ်။ သတ္တိရှိတယ်။ စွန့်စားဝံ့တယ်။ ဘေးဥပ္ပါဒ် အန္တရာယ်ကင်းတယ်။ လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ ရှိတယ်။ ကတိတည်တယ်။ အမြဲတမ်း တစ်ခုခုကို လုပ်နေရမှ ကျေနပ်တယ်။ ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိမယ်။ အပေါင်းအသင်း ဆံ့တယ်။ မိတ်ဆွေပေါတယ်။

သိုက်။.......။
လုပ်ငန်းကြီးတွေ လုပ်တတ်တယ်။ အကြံကြီး ကြံတတ်တယ်။ ပိုင်မှ လုပ်တတ်မယ်။ တိကျခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှမယ်။ အများတကာရဲ့ ကြည်ညိုမှု့ ရိုသေမှု့ ကိုးစားခံရမှု့ အမြော်အမြင်ကြီးမယ်။ အများချီးမြောက်ခံရမယ်။ ဘယ်ကိစ္စမဆို တလေးတစား လုပ်တတ်မယ်။ တည်ကြည်မယ်။ တက်ကြွမယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ခေါင်းဆောင်ကောင်း ပီသတယ်။ ချမ်းသာလွယ်တယ်။ အခွင့်အရေး ရလွယ်တယ်။ ကိစ္စတစ်ခု မြန်မြန်ဆန်ဆန် ပြီးတတ်မယ်။ ပြိုင်ဘက်တွေကို ပရိယာယ်ကြွယ်ဝစွာ အနိုင်ယူတတ်တယ်။ စိတ်မှတ်ကြီးတယ်။ စိတ်နှလုံးကောင်းတယ်။ အထင်ကြီးအောင် နေတတ်တယ်။ စကားပြောကောင်းတယ်။ ပတ်ဝန်းကျင်နဲ့ တည့်အောင်နေနိုင်အောင် ကြိုးစားမယ်။

ရာဇ။........။
အခွင့်အရေး ရလွယ်မယ်။ လူကြီးသူမရဲ့ လေးစားခြင်း အားကိုးခြင်းခံရမယ်။ ပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးတတ်တယ်။ ကတိတည်တယ်။ တက်ကြွတယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ဟန်ပန်မရှိတတ်ပါ။ ပီပြင်တဲ့ လုပ်ရပ်တွေကိုပဲ လုပအ်တတ်မယ်။ ဘယ်ကိစ္စမဆို စိတ်ရောကိုယ်ပါ လုပ်တတ်လို့ အောင်မြင်လွယ်တယ်။ ယုံကြည်ချက်ပျင်းထန်တယ်။ ရာထူးတက်လွယ်တယ်။ နေရာပေးခြင်း ခံရမယ်။ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ညာနဲ့ ကောင်းစွာ ထွန်းကားမယ်။ မင်းရဲ့ ချီးမြောက်ခြင်း ခံရမယ်။ တပည့်တပန်းများမယ်။ လက်လွယ်မယ်။ မိတ်ဆွေကောင်း ပေါများမယ်။ ချစ်ခင်သူပေါ့မယ်။။ လုပ်တဲ့ လုပ်ငန်းပေးမှာ စေတနာထားမယ်။

အဓိပတိ။.......။
ပရိသတ်ရဲ့ အးပေးချီးမြောက်ခြင်း ခံရမယ်။ ကျော်ကြားလွယ်တယ်။ အနုပညာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ စကားပြောခြင်း အတတ်ပညာနဲ့ ကောင်းစားမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်။ စကားပြောကောင်းမယ်။ ဆွဲဆောင်မှု့ ရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းမယ်။ ဆုံးဖြတ်ချက် မှန်ကန်တယ်။ ပရိသတ်ရှိတယ်။ သီချင်းဆိုခြင်း ၊ ရုပ်ရှင်ရိုက်ခြင်း၊ အနုပညာလုပ်ခြင်းမှာ ထွန်းကားတယ်။ စိတ်ကူးယဉ်တယ်။။ လုပ်ရဲတယ်။ ၇ထားတဲ့နေရာမှာ အပိုင်လုပ်တတ်တယ်။ ကောင်းစားမယ်။ အောင်မြင်မယ်။အပူအပင်နည်းမယ်။ ပျော်ပျော်ပါးပါး နေတတ်မယ်။ သူများကို အားနာတတ်မယ်။ လုပ်ချင်တဲ့အလုပ်ကို ဇွတ်လုပ်နေမယ်။ ကိစ္စတစ်ခု မပြီးခင် နောက်တစ်ခု လုပ်လေ့ရှိမယ်။

ဟုတ်ပြီနော်။ မဟာဘုတ်အကြွင်း (၇) ခုစလုံးရဲ့ အကျိုးသက်ရောက်မှု့တွေကို ရေးပေးလိုက်ပါတယ်။ အဲဒီတော့ မိတ်ဆွေဟာ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နဲ့ စားလိုက်ပါ။ ပြီးရင် ဘာကြွင်းလဲ။ ပြီးရင် ကိုယ်ဆောင်ချင်တဲ့ ရတနာတွေကို ရွေးချယ်လိုက်လို့ ရပါပြီ။ ပြီးရင် ကိုယ်ဆောင်တဲ့ ရတနာတွေရဲ့ အကျိုးအမြတ်ကိုလည်း တစ်ပါတည်း သိအောင် ကြည့်လို့ရပါပြီ။ မကောင်းဘူးလားဗျာ။ အားလုံးရဲ့ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနဲ့ မဟာဘုတ်နှင့်အဆောင်ကျောက်မျက်ရတနာ တွက်နည်းလေးကို တင်ပေးလိုက် ရပါတယ်။

အခုတလော ဟောစာတမ်းကိစ္စများနှင့် အလုပ်များနေပါသဖြင့် အွန်လိုင်းတက်ခြင်း ပို့အသစ်တင်ခြင်း အနည်းငယ် နောက်ကျနေသည်ကို အားလုံး နားလည်ပေးနိုင်ကြပါစေလို့ တောင်းပန်းလိုက်ပါတယ်။

ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ- မဟာချိုင်မြို့


ဒီဆိုဒ်မှာ  အော်တိုတွက်လို့ရတယ်

ထီပေါက် ၊ချဲပေါက်၍် ကံကောင်းလာဘ်ရွှင်စေရန်

 
တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်း၌ တစ်ယောက်ထဲ ထိုင်၍ အကြောင်းအရာ တစ်ခုကို လေးလေးနက်နက် စဉ်းစားနေမိလေသည်။ ထိုအကြောင်း အရာမှာ ကျွန်ုပ်၏ ဗေဒင် ဟောခန်အတွင်းသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်လာကြသော သူများသည် များသောအားဖြင့် ဘယ်အရာကို အများဆုံး အလိုရှိကြသနည်း။ ဘာတွေကို အကူအညီ လိုအပ်၍ အဝေးတစ်နေရာမှ အပင်ပန်းခံ၍ ရောက်လာကြသနည်း။ ငါကကော သူတို့ လိုအပ်သော အကူအညီများကို အပြည့်အ၀ ပေးနိုင်မည်လော စသည်ဖြင့် ရောက်တတ်ရာရာ တွေးတောနေမိလေ၏။

ကျွန်ုပ်၏ ဗေဒင်ဟောသော အတွေ့အကြုံများ အရဆိုလျှင် လူဆယ်ဦးလျှင် ကိုးဦးလောက်က ကျွန်တော် ဒီနှစ် ထီပေါက်ကိန်း ရှိသလားဆရာ။ ကျွန်မ ဒီနှစ် ချဲလေးဘာလေး မပေါက်နိုင်ဘူးလား ဆရာ အစရှိသည်ဖြင့် မေးတတ်ကြလေ၏။ ထိုသို့ဆိုလျှင် လူအများစုသည် ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသော လာဘ်လာဘကို အလိုရှိကြလေ၏ တစ်ချို့ဆိုလျှင် ကျွန်ုပ်ကို ဘိုးတော်ထင်သည်လား မသိ။ သုံးလုံးဂဏန်းပင် တောင်းတတ်ကြလေ၏။

သို့သော် ကျွန်ုပ်ကား ဘိုးတော်မဟုတ်။ ဗေဒင်ဆရာသာဖြစ်၏။ အကြားအမြင်ရသောဆရာ မဟုတ်။ ကိန်းဂဏန်းအတိုင်း တွက်ချက်၍ဟောသော သာမန်ဗေဒင်ဆရာမျှသာဖြစ်လေရာ မသိသည်ကို မသိပါဟူ၍သာ ပြောလိုက်လေ၏။ တစ်ချို့ ဗေဒင်ဆရာများကဲ့သို့ သိသလိုလို၊ သို့မဟုတ် ကြားသလိုလိုလည်း တစ်ခါတစ်ရံမျှ မလုပ်ဘူးပေ။ ထို့ကြောင့် တစ်ချို့သော ဗေဒင်မေးသူများက ကျွန်ုပ်အား အားမလိုအားမရ ဖြစ်ကြကုန်၏။

မည်သို့ပင်ဖြစ်စေ ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသည်များမှာ အင်မတန် ထူးကဲ မွန်မြတ်လှသော လာဘ်လာဘ ဖြစ်လေ၏။ လူတစ်ရာလျှင် တစ်ဦးပင် မပေါက်နိုင် လောက်အောင်ပင် ခဲယဉ်းလှလေ၏။ တစ်ချို့ ကုသိုလ်ကံ အင်မတန် ကောင်းလွန်း၍ ပေါက်သောသူများမှာလည်း ကြံဖန်၍ ပေါက်တတ်ကြလေ၏။ တစ်ချို့သည် အိပ်မက်ထဲတွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ လာပေး၍ ပေါက်သည်ဟုပြော၏။ မိမိနှင့် ပဋ္ဌာန်ဆက် တော်စပ်ခဲ့ဘူးသော သိုက်ကလာပေးလို့ ပေါက်တာပါဟု တစ်ချို့ကပြောလေ၏။

တစ်ချို့ကြတော့ ရိုးရိုးအိပ်မက် မက်သည်ကိုပင် အတိတ်နိမိတ်ကောက်၍ ထိုးလေရာ ပေါက်သည်ဟု ပြောလေ၏။ တစ်ချို့ကြတော့ သူများပေးလို့ ထိုးလိုက်တာ ပေးတဲ့သူက မပေါက်ဘူး။ သူကတော့ ဘယ်လောက်ဖိုး ပေါက်သွားတယ် စသည်ဖြင့် ပြောပြကြလေ၏။

တစ်ခါတစ်ရံတွင် ဤကိစ္စနှင့် ပါတ်သက်၍ လွန်စွာ ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ ကြုံခဲ့ရဘူး၏။ ထိုအကြောင်းကို ပြောလျှင်မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ သို့သော် ထိုအကြောင်း အရာသည် ဧရာဝတီတိုင်း၊ ကနောင်ဟု အမည်ရသော နယ်မြို့လေးတွင် ၂၀၀၇-ခုနှစ် လောက်တုန်းက အမှန်တကယ် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်ပင် ဖြစ်လေ၏။

ကနောင်မြို ကလေးတွင် ဆိုက်ကားသမား ကိုစိုးမောင်နှင့် ဇနီး အကြော်သည် မမြမြဆိုသူတို့ရှိ၏။ သူတို့တွင် မောင်မြစိုးဟု အမည်ရသော သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိလေ၏။ သူတို့၏ သား ကလေး မောင်မြစိုးကလေးသည် အသက်(၉)နှစ်ရှိ၍ ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် သင်္ကြန်တွင်း စုပေါင်း ရှင်ပြုပွဲတွင် ထည့်၍ သာမဏေ၀တ်ပေးမည်ဟု လင်မယား နှစ်ယောက်လုံး အားခဲထားလေ၏။

တစ်ညတွင် ထူးခြားတိုက်ဆိုင်စွာဖြင့် လင်မယားနှစ်ဦးစလုံး အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် အင်မတန်မှ အရုပ်ဆိုးသော သရဲကြီးတစ်ကောင်သည် သူတို့ လင်မယားနှစ်ဦးအား အောက်ပါအတိုင်း စကားလာပြောလေ၏။

ဟေ့…မင်းတို့ လင်မယားနှစ်ယောက်လုံး သေသေချာချာ နားထောင်။ ငါကတော့ မင်းတို့အိမ်နောက်ဖေးက ထန်းပင်ကြီးမှာနေတဲ့ သရဲကြီးပဲ။ ဒီထန်းပင်မှာ ငါနေတာဆို နှစ်အတော်ကြာပြီ။ အခုတော့ ငါက ကျွတ်တော့မယ်။ မကျွတ်ခင် မင်းတို့လင်မယား နှစ်ယောက်ရဲ့ နွေရာသီအလှူမှာ ကုသိုလ်ပါချင်လို့။ အဲဒီတော့ မနက်ဖြန်ရောက်ရင် မင်းတို့ မြို့ကိုသွားပြီး ချဲထိုးချေ။ တစ်သောင်းဖိုး ပြည့်အောင်ထိုးခဲ့။ ဂဏန်းကတော့ ဒီဂဏန်းကို ရအောင်ထိုးဟုပြော၍ ပျောက်သွားလေ၏။

မနက်မိုးလင်းသောအခါ ကိုစိုးမောင်သည် ဇနီးဖြစ်သူမြမြအား ညက အိပ်မက်အကြောင်း ပြောပြလေ၏။ ထိုအခါ မမြမြကလည်း သူလည်း ညက ကိုစိုးမောင်၏ အိပ်မက်နှင့်တူသော အိပ်မက်ကို မက်ခဲ့ကြောင်း အံ့အားသင့်စွာ ပြောပြလေ၏။ ထိုအခါ ကိုစိုးမောင်က အိပ်မက်က ထူးဆန်းတယ် ဆိုတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါတို့ အခြေအနေနဲ့ ငွေတစ်သောင်းဆိုတာက ဘယ်မှာသွားရှာရမလဲ။ အဲဒီတော့ မင်းထိုးချင်ရင် တစ်ရာဖိုး နှစ်ရာဖိုးလောက် ထိုးချင်ထိုးပေါ့ဟုပြော၍ ကိုစိုးမောင်သည် ဆိုက်ကားနင်းရန် ထွက်သွားလေ၏။

ထိုညတွင် သရဲကြီးသည် အိပ်မက်ထဲသို့ ရောက်လာပြန်လေ၏။ လွန်စွာလည်း ဒေါသထွက်နေပုံရ၏။ သရဲကြီးက ကိုစိုးမောင်တို့ လင်မယားအား မင်းတို့မနက်ဖြန်မှ ချဲတစ်သောင်းဖိုးပြည့်အောင် သွားမထိုးရင် မင်းတို့တစ်အိမ်လုံး သေဖို့သာပြင်..ဟုပြော၍ ပြန်သွား လေ၏။ ကိုစိုးမောင်တို့ လင်မယားလည်း အတော်ပင် ကြောက်သွား ၏။ ထို့ကြောင့် မိုးလင်းသောအခါတွင် ကိုစိုးမောင်နင်းသော ဆိုက်ကားကို ငွေတစ်သောင်းနှင့်ပေါင်နှံ၍ အိပ်မက်ထဲမှ သရဲကြီးပေးသော တစ်ကွက်ထဲသောဂဏန်းကို မြို့သို့တက်၍ ချဲထိုးခဲ့လေ၏။

ထိုအပါတ် တွင် ကိုစိုးမောင်တို့မိသားစုသည် သရဲဂဏန်းဖြင့် ချဲတစ်သောင်းဖိုး တိတိပေါက်လေတော့၏။ အလှူလည်း ကြီးကြီးကျယ်ကျယ် လုပ်ဖြစ် သွားလေ၏။ သူတို့အား အိပ်မက်ပေးသော သရဲကြီးသည်လည်း လွတ်ကျွတ်သွားသည်ဟု အိပ်မက် လာပေးသည်ဟု သိရလေ၏။ ယခု အခါတွင် ကိုစိုးမောင်တို့ မိသားစုသည် စီးပွားရေး အတော်အသင့် အဆင်ပြေနေသော ဘ၀ဖြင့် ထိုမြို့ကလေးမှာပင် ဆက်လက်နေထိုင် လျှက်ရှိပေသည်။

ထို့ကြောင့် ကျွန်ုပ်နှင့်ပါတ်သက်သော မိတ်ဆွေများအား တစ်ခုပြောချင်သည်မှာ ကျွန်ုပ်သည် အမှန်အတိုင်း ၀န်ခံရလျှင် ထီဂဏန်း ချဲဂဏန်းလုံးဝမသိပါ။ မပေးတတ်ပါ။ အာရုံထဲတွင်လည်း မရပါဟု ၀န်ခံပါသည်။ သို့သော် ထီကံ၊ချဲကံ ကောင်းမွန် တိုးတက်စေသော နည်းတော့ရှိပါသည်။ ထိုနည်းအတိုင်း ယုံယုံကြည်ကြည်ဖြင့် နေ့စဉ် ရက်ဆက် ဆောင်ရွက်ပါက များမကြာမှီ အချိန်ကာလအတွင်း ထီပေါက် ချဲပေါက် မည်ဖြစ်ပါကြောင်း မိတ်ဆွေများ၏ အကျိုးကို အမှန်တကယ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ရေးသားဖော်ပြ လိုက်ရပေသတည်း။

အပေါ်ဘက်တွင် ဖော်ပြထားသော ဂဏန်းရှစ်ခုသဗ္ဗညု ဘုရားပုံတော်ကို သင်၏ ဘုရားကျောင်းဆောင်တွင် သေသေချာချာ ကျကျနနကိုးကွယ်၍ ဆွမ်းရေချမ်းပန်းဆီမီး တတ်နိုင်သလောက် ကပ်လှူပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ်တက်ကာ ဂဏန်းနံပါတ်များနှင့် ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါကုန်။

Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhri7XpigmD-_xr50xcibZl0qVBqcrG4EyFmA-3jYXqcvICS6t0v8aG0TvEDlT24YT1tnq1h9GcwubxWFx8fvNgAoBFr2rh12rZu5fn9lA-NTNkRTTetA_fIg-nqlprI_XQHuG-3YCpBSxK/

ဂဏန်းဘုရားရှိခိုး

၁။ ဧကော - လောကဓာတ်တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော်မူကြကုန်သော မြတ်စွာ ဘုရားတို့အား။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
၂။ ဒွိကော-ရုပ်နာမ်နှစ်ပါး၊ မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
၃။တိကော-ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
၎။စတုကော-သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ။၊ ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
၅။ ပဉ္စကော-ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား။ နမော-ရှစ်ခိုးပါ
၏အရှင်ဘုရား။
၆။ဆဋ္ဌကော-ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင်အား။ နမော-ရှိခိုးပါ၏အရှင် ဘုရား။
၇။ သတ္တကော- ဗေဇ္ဈင်ခုနှစ်ပါး၊ သူတော်ကောင်းတရားခုနှစ်ပါးတို့ အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၈။ အဋ္ဌကော-မဂ္ဂင်ရှစ်ပါးတရားတော်ကို။ နမော-ရှိခိုးပါ၏အရှင်ဘု ရား။
၉။န၀ကော- ဂုဏ်တော်ကိုးပါးနှင့်တကွ၊ အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား။ နမော-ရှိ ခိုးပါ၏ အရှင်ဘုရား။
၁၀။ ဒဿကော- မဂ်လေးပါး၊ ဖိုလ်လေးပါ။ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါး မြတ်တရားကို။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ ဇယဂဏနံ။ ဂဏန်းနံပါတ်များနှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည်။ ဟောတု- ဖြစ်ပါစေသတည်။